ယူနီကုတ် ဖောင့်ဖြင့် ပထမဆုံး ဗားရှင်း
အင်တာနက်မှာ ဝက်ဘ်ဆိုက် ဖတ်နေရင်း မသိတဲ့ အင်္ဂလိပ် စာလုံး အဓိပ္ပါယ်တွေကို လွယ်လင့်တကူ ရှာဖို့ အတွက် အဲဒီ့ စာလုံးကို highlight လုပ်ပြီး copy လုပ်လိုက်ပါ။ မြန်မာ အဓိပ္ပါယ် ထွက်လာပါလိမ့်မယ်။ စာလုံးကို ရွေးပြီး Copy လုပ်လို့ရတဲ့ app တိုင်းကနေ ရှာလို့ ရဖို့ လုပ်ထားပါတယ်။ မရရင် ပြောပါ။
Install လုပ်ပြီးသွားရင် Open လုပ်လိုက်ပါ။ Screen ထိပ်က notification နေရာမှာ icon တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီ့ icon ကတော့ အချိန်မရွေး အဘိဓါန် ရှာလို့ ရအောင် တင်ထားတာပါ။
ဘယ် app ပဲ သုံးနေနေ အဲဒီ့ icon ကို နှိပ်ပြီးလည်း အဓါပ္ပါယ်သိချင်သော စာလုံးများကို စရှာနိုင်ပါပြီ။ copy လုပ်လို့ မရတဲ့ အနေအထား (facebook, pdf) တွေ အတွက်ပါ။
အင်္ဂလိပ် စာလုံးရိုက်ပြီး မြန်မာအဓိပ္ပါယ်ကို ရှာရုံတင် မဟုတ်ပါဘူး။ မြန်မာစာလုံးတွေ ရိုက်ပြီး အဓိပ္ပါယ်ကနေ အင်္ဂလိပ်စာလုံး ပြန်ရှာလို့ ရပါတယ်။
အဘိဓါန်မှာ စာလုံးတွေ ပိုစုံအောင်ရယ် အဓိပ္ပါယ်တွေ ပိုပြီး ပြည့်စုံအောင်ရယ်ကိုလဲ ဆက်လက်ကြိုးစားသွားပါ့မယ်။ ရှာမတွေ့တဲ့ စာလုံးတွေ အတွက် အီးမေးလ် ကနေမေးနိုင်ပါတယ်။ ကျနော် တစ်ရက် နှစ်ရက်အတွင်း အဓိပ္ပါယ်ပြန်ပို့ ပေးနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခါတစ်လေ အလုပ်များသွားပြီး ၄ရက် ၅ရက် ကြာသွားတတ်တာ ခွင့်လွှတ်ပါ။
အင်္ဂလိပ်စာ လေ့ကျင့်လိုသူတွေအတွက် ပဟေဋ္ဌိ လေးတွေ ထည့်ထားပေးပါတယ်။ ပဟေဋ္ဌိ တွေကို ထပ်တိုးပေးဖို့ စီစဉ်ထားပါတယ်။
တစ်ချို့စာမျက်နှာတွေမှာ ကြေငြာ ထဲ့ထားပါတယ်။ ကြေငြာတွေအတွက် ကျနော်တို့အနေနဲ့ ဘာအချက်အလက်မှ ရယူခြင်း မရှိပါဘူး။
ကျနော့်ကို ဆက်သွယ်ရန် ဖေ့ဘုတ်ပေချ်: http://goo.gl/iaXuBw
တိုက်ရိုက် ဒေါင်းလို သူများအတွက်: http://goo.gl/XhZLmb