eTopup Plus

CSS Technology

eTopup Plus

کسب‌وکار
  • 0.00
(0 رای)

نصب رایگان

100000

نصب ها

Android 4.1+

نسخه حداقل

با تبلیغات

تبلیغات

05.12.2016

تاریخ انتشار

تغییرات اخیر:

dialog update

توضیحات:

E-TOP UP ဝန်ပိုက်ဆံ အသုံးပြုပုံ

ကျွန်ုပ်တို့သည် လက်လီရောင်းချသူများကို တန်ဖိုးထားသည့်အတွက် သင်တို့၏အောင်မြင်မှုများသည် ကျွန်ုပ်တို့အတွက် အလွန်ပင်အရေးပါ ပါသည်။

MPT Etop up ၏ Online ဖုန်းငွေဖြည့်သွင်းခြင်း Application မှသင့်အား

- ရိုးရှင်းလွယ်ကူ၍ အချိန်ကုန်သက်သာသော ဖုန်းငွေဖြည့်သွင်းမှု အစီအစဉ်
- မှားယွင်းသော ငွေဖြည့်သွင်းမှုကို ပယ်ဖျက်ပေးသောနည်းလမ်းနှင့်
- ပိုမိုကောင်းမွန်သော ငွေဖြည့်သွင်းမှု အစီစဉ်အားအသုံးပြု၍ ဝယ်ယူသုံးစွဲသူများနှင့် အဆင်ပြေလွယ်ကူစွာ ဆက်သွယ်လုပ်ကိုင်နိုင်စေရန် အောက်ပါလုပ်ဆောင်ချက်များဖြင့် လုပ်ဆောင်ပေးထားပါသည်။

(၁) ဖုန်းနံပါတ်ထိန်းချုပ်မှု

- MPT E-top up ၏ Online ဖုန်းငွေဖြည့်သွင်းခြင်း Application သည် MPT နံပါတ်များကိုသာ သီးသန့်လုပ်ဆောင်ပေးမည်ဖြစ်သည်။
- MPT မဟုတ်သော အခြားသော ဖုန်းနံပါတ်များကိုရိုက်နှိပ်ပါက Application မှ လုပ်ဆောင်ပေးမည် မဟုတ်ပါ။
- ဖုန်းနံပါတ်ရိုက်နှိပ်ရမည့်နေရာတွင် (+95 9) ကိုကြိုတင်ထည့်သွင်းပေးထားပြီး ကျန်ရှိသော ဖုန်းနံပါတ်များကိုသာ ရိုက်နှိပ်ပေးရန်လိုအပ်သည်။
- ရိုက်နှိပ်ထားသောဖုန်းနံပါတ်သည် MPT နံပါတ်ဖြစ်ကြောင်းနှင့် မှန်ကန်သော နံပါတ်အရေအတွက်ဖြစ်ကြောင်းကို Application မှအလိုအလျောက် စစ်ဆေးပေးမည်ဖြစ်သည်။

(၂) ဖြည့်သွင်းရမည့်ငွေပမာဏ သတ်မှတ်မှု

- ဖြည့်သွင်းရမည့်ငွေပမာဏအား ထည့်သွင်းရန် လက်လီရောင်းချသူသည်သတ်မှတ်ပေးထားသော ငွေပမာဏများထဲမှ ရွေးချယ်နိုင်သည်။
- မှားယွင်းသော ငွေဖြည့်သွင်းမှုများမဖြစ်ပေါ်စေရန် သတ်မှတ်ထားသော ငွေပမာဏထဲမှသာ ဖြည့်သွင်းခွင့်ပြုသည်။
(၅၀၀၊ ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀၊ ၄၀၀၀၀၊၅၀၀၀၀၊ ၁၀၀၀၀၀ (ကျပ်))


(၃)PIN နံပါတ် သိမ်းဆည်းခြင်း

- ဖုန်းငွေဖြည့်သွင်းမှု တစ်ခုချင်းစီအား လျှင်မြန်စွာလုပ်ဆောင်နိုင်ရန်အတွက်PIN နံပါတ်သိမ်းဆည်းခြင်းအဆင့်ကို ထောက်ပံ့ပေးထားပါသည်။
-PIN နံပါတ်အား တစ်ကြိမ်သိမ်းဆည်းထားပါက နောက်တစ်ကြိမ်ဖြည့်သွင်းသောအခါ PIN နံပါတ်ရိုက်နှိပ်ခြင်းအဆင့်ကို လုပ်ဆောင်ပေးရန် မလိုအပ်တော့ပါ။

(၄)နောက်ဆုံးဖြည့်သွင်းမှု

- မှားယွင်းသော ငွေဖြည့်သွင်းခြင်းများ မဖြစ်ပေါ်စေရန် ဖြည့်သွင်းမည့် MPT ဖုန်းနံပါတ်ကို မှန်ကန်စွာရိုက်နှိပ်ပြီး ဖြည့်သွင်းမည့်ငွေပမာဏကို ရွေးချယ်ပြီးမှသာလျှင် ငွေဖြည့်သွင်းမှုကို ပြီးမြောက်အောင်လုပ်ဆောင်ပေးမည်ဖြစ်သည်။

*ခင်မင်လှစွာသော အသုံးပြုသူများ
ဤ application သည် MPT လက်ကားရောင်းဝယ်သူများအတွက်ဖြစ်သည်။ သင်သည် MPT ၏ လက်ကားရောင်းဝယ်သူဖြစ်လိုပါက [email protected] သို့ email ပို့ပေးနိုင်ပါသည်။

CSS Technology برنامه های دیگر

دانلود