EPS-ToPIK Reading

Thein

EPS-ToPIK Reading

Education
  • 0.00
(0 投票)

免费安装

5000

应用安装

Android 4.1+

最低版本

带广告

广告

01.01.1970

发布日期

最近更改:

Privacy Policy Added.

描述:

မေးခွန်း ၂၀၀ အထိ Free လေ့လာနိုင်ပါတယ်။ ကျန်မေးခွန်းများ အားလုံးကို ဝယ်ယူအားပေးနိုင်ပါတယ်။ APK ဖိုင်ဆိုဒ်က 24 Mb လောက်ရှိပါတယ်။

EPS-ToPIK Reading App မှာ မူရင်း မေးခွန်း ၉၆၀ လေ့ကျင့်ခန်းများကို ဘာသာပြန်ဆိုထားကာ အလွယ်တကူ လေ့ကျင့်နိုင်ရန် စီစဉ်ထားပါတယ်။

မူရင်း မေးခွန်း ၉၆၀ မှာ အသံဖိုင် မပါပါဘူး။ ဖတ်နိုင်မှု စွမ်းရည်ကို လေ့ကျင့်ပေးဖို့ အတွက်ကြောင့်ပါ။ ဒါပေမဲ့ ဒီ App မှာ နားထောင်မှုကိုလည်း လေ့ကျင့်နိုင်ဖို့ Google Text To Speech ကို ထည့်သွင်းပေးထားပါတယ်။

ကိုယ့်ရဲ့ဖုန်းမှာတော့ Google Text To Speech ကို ထည့်သွင်းထားရပါမယ်။ အဲ့ဒါဆို အသံနဲ့တကွလည်း လိုအပ်ပါက ကိုရီးယား စာသားများကို နှိပ်ကြည့်ခြင်းဖြင့် နားထောင် လေ့ကျင့်နိုင်မှာပါ။

မှတ်ချက်။ ။ ဒီ မေးခွန်း ၉၆၀ မှာ ဓာတ်ပုံနှင့်တွဲပါသည့် တချို့ ကိုရီးယား စကားလုံးများကို ဘာသာပြန်ဆိုချက် ထည့်သွင်းထားခြင်း မရှိသေးပါဘူး။ Version Update မှာ ထည့်ပေးသွားမှာပါ။ ဘာသာပြန်အမှားအယွင်းများ ပါနိုင်ပါသေးတယ်။ ဘာသာပြန်သူ၏ အားနည်းချက်ပါ။ အမှားတွေ့ရှိပါက ထောက်ပြပြောဆိုခြင်းဖြင့် အကြံပြုနိုင်ပါတယ်။

မေးခွန်းဖြေဆိုသည့်အခါ မိမိရပြီးသားမေးခွန်းဖြစ်နေပါက OK ဆိုသည့် ခလုပ်ကို နှိပ်ပြီး ဖြေဆိုခြင်းဖြင့် နောက်တကြိမ်ထပ်ဖြေစရာမလိုဘဲ ကျော်သွားနိုင်ပါတယ်။ မေးခွန်းအားလုံး ဖြေဆိုပြီးသွားပါက အစမှ ပြန်ဖြေလိုလျှင် Reset ဆိုသည့် ခလုပ်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။

အလွယ်တကူ လေ့ကျင့်မှတ်သားနိုင်ပြီး စာမေးပွဲလည်း အမှတ်ကောင်းကောင်းဖြင့် အောင်ကြပါစေ။

Thein 其他应用

下载