Guide To Naypyitaw

Thein

Guide To Naypyitaw

Travel & Local
  • 0.00
(0 投票)

無料インストール

1000

アプリのインストール

Android 4.4+

最小バージョン

広告付き

広告

01.01.1970

リリース日

最近の変更:

Privacy Policy Added.

説明:

ဒီဆော့ဝဲကို မဒေါင်းယူခင်မှာ ဘာအချက်အလက်တွေ ထည့်သွင်းပြီး ဖန်တီးထားတယ်ဆိုတာ အရင်ဆုံး သိသင့်တယ်မဟုတ်ပါလား?
နောက်ပြီး ဒီဆော့ဝဲက ဘယ်လိုအသုံးဝင်ပြီး ဘယ်သူတွေအတွက် ဖြစ်မလဲ?

နေပြည်တော် ခရီးသွားလမ်းညွှန်လို့ ဆော့ဝဲကို အမည်ပေးထားတဲ့အတိုင်း နေပြည်တော်သို့ လာရောက်လည်ပတ်ကြမည့်သူတွေ၊ ပြီးတော့ နေပြည်တော် နေထိုင်ကြတဲ့ သူတွေအတွက်လည်း အသုံးဝင်မယ့် ဆော့ဝဲ ဖြစ်ဖို့ ရည်ရွယ်ပါတယ်။
ယာဉ်လိုင်းများ၊ ကားကွင်းများ၊ မီးရထားဘူတာများ၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ လည်ပတ်စရာနေရာများ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ စသည်တို့ရဲ့ ဖုန်းနံပါတ် သို့မဟုတ် မြေပုံတည်နေရာများကို စုစည်း ထည့်သွင်းပေးထားတဲ့အတွက် အနယ်နယ်အရပ်ရပ်မှ နေပြည်တော်တို့ အလည်အပတ်လာရောက်ကြမယ့် သူတွေအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခုကတော့ အလုပ်ကိစ္စနဲ့ နေပြည်တော်သို့ လာရောက်ကြတဲ့အခါ ရုံးဌာနများနဲ့ ရုံးအမှတ်များကိုလည်း ထည့်သွင်းပေးထားပါတယ်။ ထို့အပြင် ဌာနဆိုင်ရာ အိမ်ယာများကိုလည်း ကောက်ယူကာ ထည့်သွင်းပေးထားပါတယ်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များနဲ့
ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များကိုလည်း ကောက်ယူ စုစည်းလျှက်ရှိပါတယ်။

မိမိတို့ရောက်ချင်တဲ့ နေရာကို လမ်းကြောင်းဆွဲ၍လည်း အလွယ်တကူ သွားရောက်နိုင်သလို၊ တခြား အသုံးဝင်တဲ့ တည်နေရာများကိုလည်း မိမိတို့စိတ်ကြိုက် ဆော့ဝဲတွင် ထည့်သွင်းမှတ်သားထားနိုင်ကာ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင်ပါတယ်။

နေပြည်တော် ခရီးသွားလမ်းညွှန်ဆော့ဝဲတွင် ကဏ္ဍအလိုက် မိမိတို့ လုပ်ငန်းများကို အခမဲ့ ထည့်သွင်းနိုင်ပြီး ထည့်သွင်းလိုပါက ဆော့ဝဲအတွင်း အချက်အလက်ဖြည့်သွင်း လုပ်ဆောင်နိုင်ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလ်လည်း ထည့်သွင်းပေးထားပါတယ်။

ဆော့ဝဲကို ကောင်းသထက်ကောင်းအောင် ပြင်ဆင်သွားမှာဖြစ်ပြီး အကြံပြုချက်များကိုလည်း စောင့်မျှော်လျှက်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

Thein 他のアプリ

ダウンロード